Sql Injection "Not Acceptable" Bypass
Sql injection ဟာ ပျော်ရွင်စရာကောင်းတဲ့ Hacking ရဲ့ ဘာသာရပ်တစ်ခုလို့ ပြောရပါမယ်...
ထိုးဖောက်ဝင်ရောက်ခံရတဲ့ Website တွေကို လေ့လာကြည့်မယ်ဆိုရင်လည်း SQL Injection နည်းလမ်းနဲ့ အများဆုံး တိုက်ခိုက်ထိုးဖောက်ဝင်ရောက်ခံရတာကို တွေ့ရမယ်ဖြစ်ပါတယ်...
Hacker ( or ) Attacker တစ်ယောက်ဟာ Sql error (သို့မဟုတ်)ယိုပေါက်ရှိနေတဲ့ Website တစ်ခုကို Column သိရန်အတွက် Order by နဲ့ စစ်ပြီး ဘယ်ကော်လံ မှာ ယိုပေါက်ရှိသလဲ သိရန်အတွက် Union Select(or) Union All Select ကို အသုံးပြုပြီး စစ်တဲ့အခါမှာ အခက်အခဲလေးတွေနဲ့ ကြုံတွေ့ရ တတ်ပါ တယ်...အဲဒီအထဲကမှ တစ်ခုကို ပြောရမယ်ဆိုရင်တော့ "Not Acceptable" ဆိုတဲ့ error ပဲဖြစ်ပါတယ်...
Bypass "Not Acceptable" error
ကျွန်တော်က စာရေးဆရာမဟုတ် ၊ Hacker တစ်ယောက်လည်း မဟုတ်တဲ့ အတွက် အသုံးအနှုန်း လွဲတာ ၊ အရေးအသား မပြေပြစ် မရှင်းလင်းတာ ရှိရင်တော့ သည်းခံကြပါ.....
ဒီ Tutorial ကိုရေးဖို့ ယိုပေါက်ရှိတဲ့ Site တွေအများကြီးတွေ့ပြီး တော်တော်များများကို စမ်းသပ်ခဲ့ပါတယ်.. အဲဒီထဲက ကျွန်တော် Site တစ်ခုကို ရွေးလိုက်ပါတယ်.ဘာကြောင့် ရွေးလည်းဆိုတော့ လေ့လာမယ့် ညီအစ်ကိုတွေကို ဆက်လက်လေ့လာစေချင်တဲ့အတွက် ဖြစ်ပါတယ်...
ကဲ အထက်ပါ error လေးကို ရွေးထားတဲ့ site တစ်ခုနဲ့ လက်တွေ့ လိုက်လုပ်ကြည့်လိုက်ရအောင်....